ဟင်္သာတ မုန့်ဟင်းခါး ချက်နည်း + ဗီဒီယို - MyFood Myanmar

ပါဝင်ပစ္စည်းများ
  1. ငါး
  2. ကုလားပဲ
  3. စပါးလင်
  4. ငံပြာရည်
  5. ငရုတ်သီး အပွခြေက် ၃ တောင့်
  6. ထန်းလျက်ညို ၂ ခဲ
  7. ကြက်သွန်နီ
  8. ကြက်သွန်ဖြူ
  9. ဂျင်း
  10. ငရုတ်သီး အရောင်တင်မှုန့်
  11. နနွင်းမှုန့်
  12. ဆန်လှော်မှုန့်
  13. ငရုတ်ကောင်း မှုန့်
  14. ဆီ
 ပြုလုပ်နည်း 
  • ကုလားပဲ ပြုတ်သည့် အခါ ဆီ ၊ နနွင်းမု့န့် ၊ ဂျင်း ထောင်းပြီး ထည့်ပါ ။ ဆား လုံးဝ မထည့်ရပါ ။  ပဲနူးသည့် အခါတွင် ဆား ထည့်ပါ ။
  • ပဲနံ့ မရတော့ပါ ။  ဆိမ့်သည့်အရသာ ဖြစ်ပါလိမ့်မည် ။.
  • ငါးပြုတ်လျှင် စပါးလင် အရင်းပိုင်းများ ထောင်းပြီး အိုး၏ အောက်မှာ ထားပြီး ငါးကို တင်ပါ ။  ငံပြာရည် ၊ ငရုတ်သီးအပွခြေက် ၃တောင့် ၊ ထန်းလျက်ညို ၂ ခဲ ထည့်ကာ ပြုတ်ပါ ။
  • ငါးများ နူးလာရင် ဆယ်၍ အအေးခံ ပါ ။  ငါးပြုတ်ရည်ကို စကာနှင့် စစ်ပြီး ပြန်တည် ထားပါ ။
  • ကြက်သွန်နီ ၊  ကြက်သွန်ဖြူ ၊ ဂျင်း ထောင်းကာ ဆီသတ် ငရုတ်သီး အရောင်တင်မှုန့် ၊ နနွင်းမှုန့် ထည့်ကာ အနံမွေးလာရင် ငါးပြုတ်နွှင် ထားတာထည့်လိုက်ပါ ။  ငါးဆီသတ်ရင် ခြေက်မသွားစေရပါ။  ငါးကြော်လိုလည်း မဖြစ်စေရပါ ။  အရောင် ညီလာလျှင် ငါးဆီသတ်ထဲသို့ ငါးပြုတ်ရေ အနည်းငယ် ထည့်ရမယ် ။
  • ငါးမွှေ အိအိလေးဖြစ်ပါစေ အဲတာက အဓိက ပြီးရင် ငါးဆီသတ် ထားတာကို ငါးပြုတ်ရေအိုးထဲသို့ ထည့်ပေးလိုက်ပါ ။
  • ဟင်းရည် ဆူလာရင် ဆန်လှော်မုန့် ရေကျုကျဲ ဖျော်ထည့်ပေးပါ ။
  • ကြန်သွန်နီဥ ၊ ငရုတ်ကောင်းမှုန့် ခတ်ပေးပါက အရသာ ရှိလွန်းသော ဟင်္သာတ မုန့်ဟင်းခါးကို မိသားစု ပျော်ရွင်စွာ သုံးဆောင်နိုင်ကြပါစေ ။

 Credit: NanNan Granary

ဟင်္သာတ မုန့်ဟင်းခါး ချက်နည်း တွင် လှို့ဝှက်ချက် နှစ် ခုရှိတယ်
(၁)ကုလားပဲပြုတ်သည့်အခါ ဆီ နနွင်းမု့န့် ဂျင်း ထောင်းပြီးထည့်ပါ ဆားလုံးဝမထည့်ရ
ပဲနူးသည့်အခါတွင် ဆားထည့်ပါ
ပဲနံ့မရတော့ပါ ဆိမ့်သည့်အရသာ ဖြစ်ပါလိမ့်မည်
(၂)ငါးပြုတ်လျှင် စပါးလင် အရင်းပိုင်းများထောင်းပြီးအိုး၏အောက်မှာထားပြီး ငါးကိုတင်ပါ ငံပြာရည် ငရုတ်သီး အပွခြေက် ၃ .တောင့်ထန်းလျက်ညို ၂ ခဲထည့်ကာပြုတ်ပါ
ငါးများနူးလာရင်ဆယ်၍ အအေးခံ ပါ ငါးပြုတ်ရည်ကိုစကာနှင့်စစ်ပြီးပြန်တည်ထားပါ
ကြက် သွန်နီ ကြက်သွန်ဖြူ ဂျင်း ထောင်းကာဆီသတ် ငရုတ်သီး အရောင်တင်မုန့်နနွင်းမုန့်တည့်ကာအနံမွေးလာရင်ငါးပြုတ်နွှင်ထားတာတည့်လိုက်ပါ ငါးဆီသတ်ရင် ခြေက်မသွားစေရပါ ငါးကြော်လိုမဖြစ်စေရ
အရောင်ညီလာလျှင်ငါးဆီသတ်ထဲသို့..ငါးပြုတ်ရေအနည်းငယ်ထည့်ရမယ်
ငါးမွှေ အိအိလေးဖြစ်ပါစေ အဲတာက အဓိက

ပြီးရင်ငါးဆီသတ်ထားတာကို ငါးပြုတ်ရေအိုးထဲသို့ထည့်ပေးလိုက်ဟင်းရည်ဆူလာရင် ဆန်လှော်မုန့် ရေကျုကျဲဖျော်ထည့်ပေးနော် .ကြန်သွန်နီဥ ငရုတ်ကောင်း မုန့်ခတ်ပေးပါက အရသာ ရှိလွန်းသော ဟသ်ာတ မုန့်ဟင်းခါး ကို မိသားစု ပျော်ရွင်စွာသုံးဆောင်နိုင်ကြပါစေ





Comments