မုန့်ဟင်းခါး စားနည်း မျိုးစုံ





အခြေခံလူတန်းစား ဆင်းရဲသားတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ မနက်ခင်းစာ
လွန်ခဲ့သော နှစ်များမှာ ရောင်းရင်းတွေနဲ့ နယ်စုံ လှည့်တာဝန်တွေထမ်းရင်း မုန့်ဟင်းခါးရူးသွပ်သူတွေပီပီ မုန့်ဟင်းခါး တွေ မျိုးစုံ ကို နယ်စုံမှာ စားခဲ့ကြတာ သတိယမိတယ် ၊
အာ့အချိန်တုန်းက 
မုန့်ဟင်းခါးထဲ ပဲပင်ပေါက်ထည့်စားတာ ကျိုက်ထို တစ်မြို့ထဲရှိတယ်၊ စားပီလေ အရူးအမူးပေါ့ ၊ ကျိုက်ထို မုန့်ဟင်းခါး ကို ပဲပင်ပေါက်နဲ့ စားချင်လို့ သထုံကနေ မနက်အစောကြီးထပီး ကားကို ဒုံးဆိုင်းမောင်း ခဲ့တာတွေ ၊ (အဲ့အချိန် ပဲပင်ပေါက် ကို ရန်ကုန် မုန့်ဟင်းခါးနဲ့ ဘယ်လိုမှ စားမရဘူး)
ခုလိုမျိုး ပဲပြုတ်လေး နဲ့ကတော့ ဧရာဝတီ စတိုင်ဗျ ၊
ပုသိမ် မုန့်ဟင်းခါး (မုန့်ဖက်က အပြား အတွဲလိုက်တွေ)
မြောင်းမြ မုန့်ဟင်းခါး ကြွေပီလေ (ကမ်းနား ဂိုထောင်းကြီးတွေနားက မုန့်ဆိုင်မှာ ငြုတ်သီးစပ်စပ် ဟင်းခါးပူပူ နဲ့ ချွေးဒီးဒီးကျအာင်စားခဲ့ကြတာ) ၊
ဟံင်္သာတ မုန့်ဟင်းခါး (ဟင်းရေကို ပန်းကန်ထဲ ထည့်မပေးဘူး ဂျိုင့်သေးနဲ့ထည့်ပေးတယ် ၊ ဟင်းရေ အပိုမတောင်းနဲ့ လောက်အောင်စား) ၊
ညောင်တုန်း မုန့်ဟင်းခါး (ငါးဖက် တွေအများကြီး နဲ့ ချို နေတာဘဲ ၊ သူတို့ကပြောလိုက်သေးတယ် 'ရန်ကုန်သားတွေကို သေချာ ထည့်ပေးလိုက်၊ သူတို့ဆီ မှာ ဒါမျိုး မြင်ဘူးတာ မဟုတ်ဘူး' ဆိုဘဲ https://www.facebook.com/images/emoji.php/v9/fa5/1.5/16/1f642.png:) )
ညောင်လေးပင် မုန့်ဟင်းခါး - ငါးချဉ် ပုဇွန်ချဉ် ထည့်စားတာ အားပါး မိုက်စ်
တောင်ငူ မုန့်ဟင်းခါး - ပဲမုန့်ဟင်းခါး အရည်က ဝါထိမ်နေတာ။ အရသာက ရည်းစားမေ့ ၊ မြန်မာ့အလှ တည်းခိုခန်းဘေးက ရုပ်ရှင်ရုံရှေ့ ည လာရောင်းရင် စားပီလေ အနည်းဆုံး နှစ်ပွဲ https://www.facebook.com/images/emoji.php/v9/fa5/1.5/16/1f642.png:)
မုန့်ဟင်းခါးကို အရူးအမူး နှစ်သက်သူ
မိုးဦး

မုန့်ဟင်းခါး ချက်နည်း ၅ မျိုး
http://foodclub13.blogspot.co.uk/2016/12/blog-post_15.html

Comments