မုန့်ဟင်းခါးဆိုတဲ့
အသံကြားလို့ကတော့ မြန်မာလူမျိုး (တော်တော်များများ)ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပျိုပျိုအိုအို၊
ကလေးသူငယ်ကအစမနေနိုင်ပါဘူး။ မုန့်ဟင်းခါးနံ့လေးမွှေးနေ တာကိုက စားချင်စိတ်ကို မမြိုသိပ်နိုင်လောက်အောင်
ကိုဆွဲဆောင်နေပါပြီ။ အခုတော့မိဝေးဖဝေး ရေခြားမြေခြားရောက်နေချိန်လေးမှာ မုန့်ဟင်းခါးဆိုတာကိုအသံကြားရင်မနေနိုင်လောက်အောင်ကိုပဲ
စားချင်စိတ်ကြီးပါ တယ်။ကိုယ့်နိုင်ငံရဲ့ရိုးရာအစားအစာကိုချက်ပြုတ်ကျွေးမွေးကြရင်လည်း တန်ဖိုးထားပြီး
မုန့်ဟင်းခါးကိုချက် ကျွေးကြပါတယ်။ မုန့်ဟင်းခါးမှာပါဝင်တဲ့ ငါး၊ ပဲ၊ ကြက်သွန်ဖြူ/နီ၊
ချင်းစတဲ့ ပါဝင်တာ တွေကလည်း ကျန်းမာရေးနဲ့ညီညွတ်တာမို့ရှေးအစဉ်အဆက် နေ့စဉ်မရိုးနိုင်အောင် သုံးဆောင်နေကြတာပဲ
မဟုတ်ပါလားရှင်။ ချက်နည်းလေးကို ပြောရမယ်ဆိုရင်ဖြင့့် 
၁။ ငှက်ပျောအူမလှီးခင်အပြင်မှအမျှင်များကိုသင်ပစ်ပါ။ ငှက်ပျောအူကို ပါးပါးလှီးပြီး အရောင်မပြောင်း သွားစေရန် ဆနွင်းနှင့်ရေရော ထားသော အိုးတွင်ထည့်ပါ။ ငှက်ပျောအူမမဲစေရန်ဖြစ်သည်။ ပြီးလျှင် မီးဖိုပေါ်တင်ကာ ငှက်ပျော်အူနူးသည်အထိ ပြုတ်ပစ်ပါ။ ငှက်ပျောအူပြုတ်နေစဉ်အတွင်း ကြက်ဥကိုပါ ထည့်ပြုတ်ပါ။ ပြီးလျှင် အဖန်ရည်များသွန်ပစ်ရေအေးအေးနှင့်စိမ်ထားပါ။ ကြက်ဥအခွံသင်ထားပါ။
၂။ ငါးကိုအကြေးခွံသင်ကာ ငါးပိစမ်းစားအနည်းငယ်၊ ဆနွင်းမှုန့်၊ ငံပြာရည် အနည်းငယ်၊ စပါးလင်တို့ဖြင့် ရေကို ငါးမြုပ်မည်အထိ ထည့်ပြုတ်ပါ။ စပါး လင်ကိုပါးပါးမလှီးဘဲ သုံးလေးပိုင်းပိုင်းကာ ဓါးပြားဖြင့်ရိုက်ပြီး ထည့်ပြုတ်ပါ။ စပါးလင်နံ့သင်းကာ ငါးပြုတ်ပွက်ပွက်ဆူပါက ဟိုလက်ဒီဘက်လှန်ပေးကာ နူးသည်အထိ ပြုတ်ပါ။ ငါးနူးပြီဆိုပါက ငါးများကိုဆယ်ကာ ကျန်သောငါးပြုတ်ရည်ကို မုန့်ဟင်းခါးချက်ရန် ဖယ်ထားပါ။ ငါးအရိုးနွှင်ကာအရိုး များကိုထောင်းပါ။ ပြီးလျှင်ရေစစ်နှင့် စစ်ကာ ငါးအချိုရည်များယူပါ။
၃။ ကုလားပဲအစိမ်း (အနည်းငယ်)ကို ညကတည်းကရေစိမ်ထားပါ။ ရေစိမ်ထားသော ကုလားပဲကို ငါးပြုတ်ပြီးလျှင် ပြုတ်ပါ။ ဆားမထည့်ပါနှင့်။ ကုလားပဲကစမ်းကြည့်ပါ။ နူးလာပြီဆိုလျှင် မီးဖိုပေါ်ကချပါ။ ကုလားပဲများကို ဇကာနှင့်တိုက်ချပါ။ကုလားပဲအနှစ်များရလာပါမည်။
၎။ ငါးဖယ်ကြော်ပါ။ ငါးဖယ်မကြောခင် ငါးခင်ကို ချင်း၊ ကြက်သွန်ဖြူခြစ်ပြီး ထည့်နယ်ပါ။ ဆား၊ အချိုမှုန့် အနည်းငယ်ထည့်နယ်ပါ။ ပဲကြော်ကြော်မယ်ဆိုရင် ညကတည်းက ကုလားပဲအစိမ်းကိုပိုစိမ်ထား၊ ပြီးရင် အကြော်မှုန့်ကို ရေနဲ့ဖျော်၊ အဲ့ဒီမှုန့်နှစ်အထဲကို ဂျင်းနဲ့ကြက်သွန်ဖြူခြစ်ထည့်၊ ဆားအနညှ်းုယ်ထည့်ဖျော်၊ ပြီးရင် ညတုန်းကရေစိမ်ထားတဲ့ပဲတွေကို အဲ့ဒီမုန့်နှစ်ထဲထည့်ပြီး လက်ဘက်ရည်ပန်းကန်ပြားပေါ် တစ်ခုစာလောက်စီ ထည့်ပြီး ဆီအိုးထဲ ထည့်ကြော်ပါ။
၅။ စပါးလင်၊
ချင်း၊ ကြက်သွန်ဖြူ၊ နီတို့ကို ပါးပါးလှီးကာ ညက်အောင်ထောင်းကာ သုံးပုံနှစ်ပုံကို အရိုးနွှင်ပြီး
သားငါးသုံးပုံနှစ်ပုံဖြင့်ရောကာ ဆီသတ်ပေးပါ။ အရောင်လှလိုပါက ငရုတ်သီးအစိမ်းမှုန့်အနည်းငယ်ထည့်ကာ
ဆီသတ်ပါ။ ကျန်သောငါးသုံးပုံတစ်ပုံနှင့် ငရုတ်သီး အစိမ်းမှုန့်အနည်းငယ်ထည့်ကာ ဆီသတ်ပါ။
ကျန်သော ငါးသုံးပုံတစ်ပုံနှင့်စပါးလင်ချင်းကြက် သွန်ဖြူနီသုံးပုံတစ်ပုံကိုရောပါ။ ကြက်သွန်နီဥများကို
နွှင်ကာ လေးစိတ် ထိုးထားပါ။
၆။ မုန့်ဟင်းရည်အိုးတွင် ငါးပြုတ်ရည်ထည့်ပါ။ ပြီးလျှင်ရေထပ်ထည့်ပါ။ ကုလားပဲနှစ်နှင့် ဆီမသတ်ဘဲထားသော ငါးနှင့်စပါးလင်ဂျင်း ကြက်သွန်ဖြူနီတို့ကိုထည့်ပါ။ ဆား၊ ငံပြာရည်၊ ဟင်းချိုမှုန့်ထည့်ပါ။ ပြီးလျှင် ငှက်ပျောအူထည့်ပါ။ ပွက်ပွက်ဆူလာလျှင် ဆီသတ်ထားသော ငါးများကိုထည့်ပါ။ ကြက်ဥအစိမ်း သေချာမွေပြီး ဟင်းရည်အိုးထဲထည့်ပါ။ ဟင်းအပေါ့အငံကို မြည်းကြည့်ပါ။ကြက်သွန်နီအစိမ်းလေးစိတ်ထား များကို ထည့်ပါ။ ပြီးလျှင် ပြုတ်ထားသော ကြက်ဥများကိုထည့်ပါ။ အိုးဘဲဥကဲ့သို့စားကောင်းရန်ဖြစ်သည်။ ပြီးလျှင် ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပါ။
၇။ အဲ့ဒါဆို အနံ့မွှေးမွှေး အရသာလျှာပေါ်စွဲငြိစေမယ့် ဟင်းရည်အိုးရပြီ။
၈။ မုန့်ဖတ်ပြုတ်ဖို့က ပထမဦးဆုံးအိုးထဲမှာ ရေထည့် ပွက်ပွက်ဆူအောင်တည်ပါ။ မုန့်ဖတ်ရဲ့အပျော့အမာကို မသိသေးတဲ့အတွက် ပထမအကြိမ်တွင် မုန့်ဖတ်အနည်းငယ်သာထည့်ပြုတ်ပါ။ ပြီးလျှင်မုန့်ဖတ်ကိုမွှေပေးပါ။ မမွှေပါက မုန့်ဖတ်များကပ်ကာ မနပ်ဘဲ စားမရဖြစ်သွားတတ်ပါတယ်။ သတိပြုကာ မုန့်ဖတ်ကိုပြုတ်ပြီး ရေအေးအေးဖြင့် ဆေးပါ။ စကာနဲ့စစ်သည့်အခါ မုန့်ဖတ်အေးနေအောင် ရေဆေးပြီးမှ စစ်ပါ။ မုန့်ဖတ်ကို သတိထားပြုတ်ပါ။မုန့်ဖတ်အေးသည်အထိ ရေဆေးရန်သတိပြုပါ။အနွေးဓာတ်ကျန်နေပါက မုန့်ဖတ်များပူးသွားပြီး စားမကောင်းဖြစ်တတ်ပါတယ်။
၉။ နံနံပင်၊ ကြက်သွန်မြိတ်၊ ပဲသီးတို့ကို ရေစင်အောင်ဆေးကာ အလောတော်လှီးထားပါ။ ကြက်ဥပြုတ်များ လှီးထားပါ။ ငရုတ်သီးအကျက်မှုန့်များပြင်ထားပါ။ ငံပြာရည်ချထားပါ။ သံပုရာသီးများစိတ်ထားပေးပါ။ ချဉ်ငံစပ် ကြိုက်နှစ်သက်သူများ သင့်တော်သလို စားသုံးနိုင်ရန်ဖြစ်သည်။
Comments
Post a Comment