ဂျင်းသုပ်



  1. ဂျင်း - ၆၅ ဂရမ်
  2. ခရမ်းချဉ်းသီးအနီ - ၂ လုံး
  3. ဂေါ်ဖီထုတ် - လက်တစ်ဆုတ်စာ
  4. ပုစွန်ခြောက် - ဟင်းခတ်စွန်း ၁ စွန်း
  5. ပဲမှုန့် -  ၁ စွန်း
  6. ငံပြာရည် - ၁ စွန်း
  7. ဆီ - ၂ စွန်း 
  8. နှမ်းလှော် - ၁ စွန်း 
  9. ကြက်သွန်ဖြူ - ၂ ဥ
  10. ငရုတ်သီးစိမ်း - ၂ တောင့်  
  11. အကြော်ဆံ - ၃ စွန်း 
  12. မြေပဲဆန် - ၁ စွန်း 


ဂျင်း၊ ခရမ်းချဉ်းသီး၊ ဂေါ်ဖီထုတ်၊ ငံပြာရည်၊ ပဲမှုန့် တို့ကို  ၃ မိနစ်ခန့် သမအောင် နယ်ပါ။
ပြီးလျင် ဆီ၊ နှမ်းလှော်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို စက္ကန့် ၃၀ ခန့် နယ်ပါ။
ပြီးလျင် အကြော်ဆံဖြူးပြီး သုံးဆောင်ပါ။
ငရုတ်သီးစိမ်း နဲ့ ကြက်သွန်ဖြူကို နောက်မှ ထည့်ပြီးလည်း သုံးဆောင်နိုင်ပါတယ်။

crd: မောင့်လက်ရာ



Comments