ဟင်္သာတ မုန့်ဟင်းခါး ၂ - အိမ်ချက် - နှစ်သက်ဖွယ်





ကျမကရန်ကုန်မုန့်ဟင်းခါးမစားတတ်တဲ့အတွက် ကိုယ့်အိမ်မှာပဲအမြဲချက်စားဖြစ်ပါတယ်။
ဟင်္သာတမုန့်ဟင်းခါးက ငါးများများနဲ့ပျစ်ပျစ်လေးစားကောင်းတာမို့ချက်နည်းလေးပြောပြမယ်နော်။

ပါဝင်ပစ္စည်းများ

ကုလားပဲ ၂၅ ကျပ်သား
ငါးကြင်း ၅၀သား
ဆန်မှုန့် ဘူးဝက်(နို့ဆီဗူး)
ဆီ ၁၀ သားခန့်
သွန်/နီ ၂၀ သားခန့်
သွန်/ဖြူ ၁၀ သားခန့်
ချင်း ၇ ကျပ်သားခန့်
ငရုတ်သီးအရောင်တင်မှုန့် ၂ဇွန်း
ထန်းလျက် ၂ခဲခန့်
နနွင်းမှုန့်

ပြုလုပ်နည်း

ကုလားပဲကိုစင်အောင်ဆေးပြီးနနွင်းမှုန့်အနည်းငယ်ထည့်၍ပြုတ်ပါ။နူးပါကချေထားပါ။ငါးကိုသန့်စင်၍ငံပြာရည်၊ဆားတို့ဖြင့်ပြုတ်ပါ။သွန်/နီ(၁၀ သားခန့်)၊ဖြူ၊ချင်း တို့ကိုဆီသတ်ပါ။ငရုတ်သီးမှုန့်ထည့်ပါ။ငါးထည့်ပါ။ငါးများမကပ်တော့ဘဲဆီပြန်၍မွှေးလာလျှင်ရပါပြီ။
ကုလားပဲကိုရေထည့်၍ဆူအောင်တည်ပါ။ဆန်မှုန့်ထည့်ပါ။အရသာထည့်ပါ။ငါးဆီသတ်ထားတာထည့်ပါ။ငရုတ်ကောင်း၊ကြက်သွန်ဥတို့ထည့်ပါ။ဘဲဥ၊ငါးဖယ်ထည့်ပါ။ဟင်းရည်အပျစ်၊အကျဲ နှစ်သက်သလိုပြင်ဆင်နိုင်ပါတယ်။
ကျမတို့မြို့မှာတော့မနက်စာမုန့်ဟင်းခါးလေးကိုကောက်ညှင်းပေါင်း၊အီကြာကွေးလေးနဲ့ထည့်စားကြပါတယ်။အရမ်းလိုက်ဖက်ပြီးစားလို့ကောင်းပါတယ်ရှင်။


Comments